သဲကုန်း ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တလိုင်းခုံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် (၈၄)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဆရာတော် ဦးပညာဒီပမှ အဖွင့်အမှာစကား မိန့်ကြားတော်မူပြီး ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာအား ပြည်ခရိုင်၊ ကရင်လူငယ် အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး စောသက်ပိုင်အေးမှ ဖတ်ကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးမှ အမှာစကားပြောကြားပြီး ကရင် တိုင်းရင်းသားများ၏ ရိုးရာဓလေ့ယဉ်ကျေးမှုနှင့် ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းကို ပြည်ခရိုင်၊ ကရင်စာပေ ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးစောဝမ်းတင်မှ ပြောကြားခဲ့သည်။
ထို့နောက် ဆရာတော် ဦးပညာဒီပမှ နိဂုံးချုပ်အမှာစကား မိန့်ကြားတော်မူပြီး တက်ရောက်လာ သော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကရင်တိုင်းရင်းသားများမှ ပင့်သံဃာများအား ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခြင်းနှင့် အာကစားမောင်မယ်များအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရ သည်။
ချစ်နှင်းသုန်(ပြန်/ဆက်)