ပန်းတောင်း ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့ တွင် ကျရောက်မည့် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို အားကစားခန်းမ၌ ဇန်နဝါရီ ၂ရက် ယမန်နေ့ နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် အသင်း ၁၄ သင်း ပါဝင်ယှဉ်ပြိုင်၍ ဆုရရှိသော အားကစား သမားများကို ပိုက်ကျော်ခြင်း ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမဆုရရှိသူ မောင်ဖြိုးပိုင်ကို အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရမှ ဆုချီးမြှင့်ပြီး ဒုတိယရရှိသူ မောင်ငြိမ်းသူထွေးစံအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး ဦးသန်းလွင် တတိယရရှိသူ နေထက်အောင် အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ညီတို့က ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး