မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (Omicron)ရောဂါပိုး သတိပြုကာကွယ်နိုင်ရေး စဉ်ဆက်မပြက် အသိပညာပေး နှိုးဆော်လျက်ရှိ

မိုင်းယန်း     ဇန်နဝါရီ      ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉  ရောဂါ  မျိုးရိုးဗီဇပြောင်း (Omicron)ရောဂါပိုးအကြောင်း ပြည်သူများသတိပြု သိရှိလိုက်နာစေရန်အတွက် ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့်  လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း (Omicron)ရောဂါပိုးအကြောင်းကို သတိပြုမိကြစေရန်နှင့် ပြည်သူများ အနေဖြင့် လူစုလူဝေးမှရှောင်၍ တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကိုမဖြစ်မနေ စနစ်တကျတပ်ဆင်ကြရန်၊ လက်ကိုမကြာခဏ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် စသည့်အချက်များကို ရှမ်း၊ မြန်မာ ဘာသာတို့ဖြင့် ရပ်ကွက်များ အတွင်းသို့ လှည့်လည်၍ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး