ပုံပါကျင် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ကျောင်းသူ/ကျောင်းသားများနှင့် ဒေသခံပြည်သူများထံသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သတ်၍ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ အမျိုးသားညီညွတ်ရေး၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်၊ တို့များဆင်မြန်းလွတ်လပ်ပန်းကဗျာ အစရှိသည့် ဗဟုသုတဆိုင်ရာ အကြောင်းအရာများပါဝင်သည်။
အဆိုပါလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ လက်ဝယ် အရောက်စောင်ရေ (၂၀၀)အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)