အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2022
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဇန်နဝါရီလ(၃)ရက်နေ့ နံနက်ပိုင်းက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့် ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးပြိုင်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကျပန်း စကားပြောပြိုင်ပွဲများကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၆)ရပ်ကွက်၊ ဗိုလ်စောဦးလမ်းရှိ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြော၊ စာစီစာကုံးနှင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၃ ရက် က ကျင်းပသည်။
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးပေါင်းမြောက်များစွာ ပေးဆပ်၍ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန်၊ ကမ္ဘာတည်သရွေ့ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည့် လွတ်လပ်ရေး တည်တံ့ခိုင်မြဲစေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများက ဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၂-ခုနှစ် ဇန်နဝါရီလ ( ၄ )ရက်နေ့တွင် ကျရောက်မည့် " (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ " အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ် အတွင်းရှိ ကျောင်းများ၊ ဌာနဆိုင်ရာများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လမ်းဆုံလမ်းခွ နေရာများ အပါအဝင် လူစည်ကားရာနေရာတို့တွင် ပြည်သူများထံ လက်ဝယ် အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။
Jan 03,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေသည့် သတင်းစကား လက်ကမ်း စာစောင်များအား ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အတွင်းရှိ ပြည်သူများထံ လက်ဝယ် အရောက် အခမဲ့ဖြန့်ဝေဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိပြည်သူများ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၁) ကျောင်းနှင့် ဌာနဆိုင်ရာများတွင် ဖြန့်ဝေခဲ့သည်။
Jan 03,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်း စီမံချက်ဖြင့် တွင်းကြီးကျေးရွာအုပ်စု၊ ရေယိုကျေးရွာသို့ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။