မြစ်ကြီးနား ဇန်နဝါရီ ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ ဝန်းသိုဘုန်းကြီးကျောင်းဝန်းအတွင်း၌ (၇၄)နှစ်မြာက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းအား ယမန်နေ့နေ့လယ် (၁)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းသန့်ရှင်းရေး ပြုလုပ်သည့်နေရာသည် စွယ်တော်တိုက် စေတီတော်အား ကိုးကွယ်ပူဇော် တည်ဆောက်မည့် မြေနေရာဖြစ်ကြောင်းလည်း သိရှိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး၊ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတို့နှင့် ရဲတပ်ဖွဲ့ဝင် (၇၅) ဦးတို့က ဘုန်းကြီးကျောင်း ပရဝုဏ်အတွင်း ပေါင်းပင်၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူ မီးရှို့ခြင်း၊ သစ်ပင်အကိုင်း အခက်အလက်များ ခုတ်ထွင်ရှင်းလင်းခြင်း အစရှိသည့် သန့်ရှင်းသာယာရေးများ ဆောင်ရွက်ခဲ့ကြပြီး ဆက်လက်၍လည်း အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယော်ဆောင်(ပြန်/ဆက်)