ကျောက်မဲ ဇန်နဝါရီလ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၆ ရပ်ကွက်၊ အောက်မင်္ဂလာလမ်း ရှိ ပိုက်ကျော် ခြင်းကွင်း၌ ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ ကျောက်မဲမြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုက်ကျော်ခြင်း ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစိုးညွှန့်ရွှေက တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပပြီး ကျောက်မဲမြို့ပေါ်ရှိ ပိုက်ကျော်ခြင်း အသင်း ၂၇ သင်းပါဝင်ယှဉ်ပြိုင်လျှက်ရှိပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)