မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား တွင် အလှပြယာဉ်များနှင့် ဖျော်ဖြေရေးယာဉ်များ ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မကွေး     ဇန်နဝါရီ    

(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် အလှပြယာဉ်များနှင့် ဖျော်ဖြေရေးယာဉ်များ ပြသနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ နာရီ က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အလှပြယာဉ်များ၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များ စေလွှတ်နိုင်ရေးအတွက် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးထမ်းများ၊ အထင်ကရနေရာများ၊ ဒေသထွက် ကုန်ပစ္စည်းများ ပေါ်လွင်စေပြီး တိုင်းရင်းသား လူမျိုးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်ရန် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလှပြယာဉ်များမှာ တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရိုးရာကစားနည်းများ ကစားနေပုံ အညာဒေသ  ပုံရိပ်များ၊ မကွေးတိုင်း ဒေသကြီးဟာ မြန်မာနိုင်ငံ၏ အလယ်တွင်တည်ရှိသည့် တိုင်းတစ်တိုင်းဖြစ်သည့်အတွက် အညာဒေသရဲ့ ကျေးလက်လူနေမှု ရိုးရာဓလေ့ ဝတ်စားဆင်ယင်မှု အသုံးအဆောင်များနှင့် ရှေးဟောင်းအမွေအနှစ်များရှိသည့် တိုင်းတစ်ခု ဖြစ်တာနဲ့အညီ  အနုသုခမ ရိုးရာအမွေအနှစ်များ ဖော်ထုတ် ပြသစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုပိုင်မြင့်က အလှပြယာဉ်များနှင့် ဖျော်ဖြေရေးယာဉ်များ ပြသနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက် ထားရှိမှု အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ သက်ဆိုင်ရာ ကော်မတီများက အကြံပြုဆွေးနွေး ရှင်းတင်ပြကာ၊ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အလှပြယာဉ်များ သတ်မှတ်အချိန်မီပြီးစီးရေး၊ တိုင်းရင်းသား လူမျိုးများ၏ ပုံရိပ်ကို ပေါ်လွင်စေမည့် အလှပြယာဉ်များနှင့် တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်ပေးနိုင်ရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်ရေး စသည့် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ