ပင်လောင်းမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း ရှုံး၊ ထွက် ပွဲပြိုင်ပွဲများဆက်လက်ကျင်းပ

ပင်လောင်း ဇန်နဝါရီ ၃

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလွတ်တန်း (၂) ယောက်တွဲပိုက်ကျော်ခြင်း ပြိုင်ပွဲရှုံးထွက်ပွဲစဉ်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ရှိ ပိုက်ကျော်ခြင်း ကွင်းတွင် ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲသို့ ပင်လောင်းမြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ခြင်းလုံးအားကစားကို စိတ်ပါဝင်စားသည့် လူငယ်လူရွယ်များ ပါဝင်သည့် အသင်း (၁၄) သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ဇန်နဝါရီ (၂) ရက်တွင် အုပ်စုပတ်လည် ပြိုင်ပွဲများကျင်းပခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ရှုံးထွက်ပွဲစဉ်များအား ကျင်းပခဲ့ခြင်းဖြစ်ပြီး ဇန်နရီလ (၄) ရက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်ကို ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသော အသင်းများအား ဆုဖလား၊ ဆုတံဆိပ်များနှင့် ငွေသားဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)