မက်မန်း ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ကျင်းပသည်။
အလံတင်အခမ်းအနားကို နံနက် ၄ နာရီ မိနစ် ၂၀ တွင် ကျင်းပပြီး သဝဏ်လွှာဖတ်ကြားခြင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အလံအား အလေးပြုခြင်း အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြုခြင်း၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့်သဝဏ်လွှာကို မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား အတွင်းရေးမှူး ယာယီရဲမှူးညွန့်ဝင်းက ဖတ်ကြားပြီးအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)