သရက် ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သရက်ခရိုင် အားကစားကွင်း အတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် နံနက် ၄ နာရီ ၂၀ မိနစ် အချိန်၌ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသောခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုခြင်းများပြုလုပ်ခဲ့သည်။ ဆက်လက်၍ နံနက် ၇ နာရီ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးတင်မျိုးလတ် က ဖတ်ကြားခဲ့သည်။ အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးအနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်း စာစောင်များကို အခမ်းအနားတက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)