ကော့သောင်း ၊ ဇန်နဝါရီ ၄
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအား ဇန်နဝါရီလ (၄) ရက် နံနက် (၄) နာရီ (၂၀)မိနစ် က ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့၊ မြို့မ ရဲတပ်ဖွဲ့စခန်း အလေးပြုကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ် သို့ လွှင့်ထူပြီး တပ်ဖွဲ့ဝင်များက အလေးပြုကြသည်။
ထိုနောက် နံနက်(၇)နာရီတွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား ကော့သောင်းမြို့၊ ကျောက်တိုင်ကွင်းတွင် ဆက်လက် ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များက နိုင်ငံတော်အလံနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း ကျဆုံးလေပြီးသော အာဇာနည်အပေါင်းအားအလေးပြုကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့ သော (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ကော့သောင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင် က ဖတ်ကြားပြီး အခမ်းအနားအားရုတ်သိမ်းလိုက်ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)