Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းတနော်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး သတိပြုကာကွယ်နိုင်ရေး လိုက်လံအသိပညာပေး နှိုးဆော်လျက်ရှိ
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးအကြောင်း ပြည်သူများ သတိပြုသိရှိလိုက်နာစေရန်အတွက် ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်အသိပညာပေး နှိုးဆော် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့၊ မေတ္တာနယ်မြေရဲစခန်း၀င်းအတွင်း (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အပျော်တမ်းဖိတ်ခေါ် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပ
Jan 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ မေတ္တာမြို့၊ မေတ္တာနယ်မြေရဲစခန်း၀င်းအတွင်း (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အပျော်တမ်းဖိတ်ခေါ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲအခမ်းအနား ကျင်းပ
Jan 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အပိုင်း ၂ပိုင်းခွဲ၍ သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်အတွင်း ပူတာအိုခရိုင်ရုံး တိုးချဲ့ဖွင့်လှစ်သွားမည်
Jan 05,2022
ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပူတာအိုခရိုင်ရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေး၊ စိုက်ပျိုးရေး အခြေခံထွက်ကုန်သီးနှံ များ တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပ တင်ပို့နိုင်ရေး၊ ကြိမ်ဝါးလက်မှုထည်များ၊ ရက်ကန်းလုပ်ငန်းနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ တိုင်းရင်းရိုးရာ လက်မှု ထည်များ တိမ်ကောပပျောက်မှုမရှိစေရေးနှင့် ဒေသစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဘဏ္ဍာနှစ်အတွင်း ပူတာအိုခရိုင်ရုံး တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပ
Jan 05,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့နယ်ခန်းမဆောင်ရှေ့ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ယမန်နေ့နံနက် ၄ နာရီ ၂၀ မိနစ်က ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ဂုဏ်ပြုတပ်ဖွဲ့ဝင် များနှင့်အတူ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလံတိုင်ထိပ်သို့ လွှင့်တင်ပြီး နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်အပေါင်းအား အလေးပြုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ…
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ လွတ်လပ်ရေးပန်းခြံအတွင်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင်အခမ်းအနားကို ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၈)နာရီအချိန်က စတင်၍ မူလွန်(၂)ကျောင်း ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကုန်းကြမ်းမြို့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများနှင့် ဆုပေးပွဲ ကျင်းပ
Jan 05,2022
၇၄နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်း နိုင်ငံတော် အလေးပြုခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၄နာရီ ၂၀မိနစ်အချိန်တွင် ကုန်းကြမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့ကွင်းပြင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်ကျော်ထွန်း နှင့်အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ မြို့မိ/မြို့ဖများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများ တတ်ရောက်၍ နိုင်ငံတော်အလံအား အလေးပြုပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)မှ ဖတ်ကြားပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ မြို့မိ မြို့ဖများ ရပ်ကွက်/ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၁၅)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23210
Page
23211
Page
23212
Page
23213
Current page
23214
Page
23215
Page
23216
Page
23217
Page
23218
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department