အမြို့မြို့အနယ်နယ်သတင်းများ

Jan 05,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာရေးသူ/ စာဖတ်သူအကြိုက် ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက် (၁၈)နှစ်နှင့် အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသေးသော ဒေသခံပြည်သူ များအား မန်ကန်မြို့နှင့် ငှက်ကာကျေးရွာအုပ်စုတွင် ယမန်နေ့နံနက် (၁၀)နာရီက ကွင်းဆင်း ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။
Jan 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က မန်ကန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲ သစ် အိုမီခရွန်(Omicron) ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် Handspeaker လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 05,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အလွတ်တန်း(၂) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် တတိယလုပွဲစဉ်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ရှိ ပိုက်ကျော်ခြင်း ကွင်းတွင် ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက် ပြုလုပ်ခဲ့သည်။
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပူး‌ပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီက ကျင်းပ ပြုလုပ်ခဲ့ပါသည်။
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် လူငယ်များ အသက်အရွယ်ငယ်စဉ်က ပင်ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ ခန္ဓာကိုဖွံ့ဖြိုးတိုးတက်စေခြင်း၊ စည်းလုံးညီညွှတ်မှုရှိစေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေရန်အတွက် ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
Jan 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့်၊ စာစီစာကုံး၊ ကျပန်းစကားပြော၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများ အားဆုချီးမြှင့်ခြင်း အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မိုးနဲ(အထက) ပုလဲဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။