သင်္ဃန်းကျွန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အပိုင်း ၂ပိုင်းခွဲ၍ သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အလံတင်အခမ်းအနားအား သင်္ဃန်းကျွန်းမြို့နယ် ဂုဏ်ပြုရဲတပ်ဖွဲ့မှ ယနေ့နံနက် ၄နာရီ မိနစ်၂၀ က နိုင်ငံတော် အလံအားတိုင်ထိပ်သို့ လွှင့်တင်ပြီး ဂုဏ်ပြုရဲတပ်ဖွဲ့နှင့်အတူ တက်ရောက်လာကြ သည့် ဌာနဆိုင်ရာ အကြီးအကဲများမှ နိုင်ငံတော် အလံအား အလေးပြုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၇ နာရီတွင် သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဂုဏ်ပြု ရဲတပ်ဖွဲ့နှင့်အတူ အခမ်းအနားသို့ တက်ရောက်သူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား သင်္ဃန်းကျွန်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေဝနလှိုင်က ဖတ်ကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေဝနလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကာလသတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

စန္ဒာမိုး