လပွတ္တာမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

လပွတ္တာ   ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၈)နာရီအချိန်က စတင်၍ မူလွန်(၂)ကျောင်း ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို လပွတ္တာမြို့နယ်၊ မော်လမြိုင်၊ ကျွန်းမြို့နယ် ကျောင်းသား၊ ကျောင်းသူများ အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

ထိုနောက် အခြေခံပညာကျောင်းများမှ အားကစားပြိုင်ပွဲကျင်းပရာ ကျောင်းပေါင်းစုံမှ ကျောင်းတွင်းပြိုင်ပွဲများမှ ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ခရိုင်အဆင့် ဆက်လက် ယှဉ်ပြိုင်ကြရာ တာတိုအပြေးပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများ ကျင်းပပြီး ခရိုင်အဆင့် ဆုရရှိသူများအား ခရိုင်ပညာရေးမှူး ဦးအေးနိုင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဆီ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများမှ ဆုများချီးမြှင့်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးဌာန တာဝန်ရှိသူထံက သိရသည်။

လပွတ္တာခရိုင် (ပြန်/ဆက်)