မေတ္တာ ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ မေတ္တာမြို့၊ မေတ္တာနယ်မြေရဲစခန်း၀င်းအတွင်း (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အပျော်တမ်းဖိတ်ခေါ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းနှင့် ၀န်ထမ်းများ၊ မေတ္တာမြို့နယ်မြေရဲစခန်း ရဲအုပ် အောင်မြင့်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးသူရကျော်နှင့်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များက အသင်း(၈)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင်ဆုရရှိသော ပထမအသင်းကို ငွေကျပ် ၉၀၀၀၀၊ ဒုတိယဆု ၇၀၀၀၀ ၊ တတိယဆု ၅၀၀၀၀၊ နှိမ့်သိမ့်ဆု ၃၀၀၀၀ စသဖြင့် အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ)