အမြို့မြို့အနယ်နယ်သတင်းများ

Jan 05,2022
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ယမန်နေ့နံနက် (၈)နာရီအချိန်က ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များကို မြို့မစျေး၊ ပျံကျစျေးနှင့် လူစည်ကားသော နေရာများတွင် ဖြန့်ဝေခဲ့သည်။
Jan 05,2022
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် ထူးချွန်ထက်မြက်သော အားကစားသမာများ ပေါ်ထွန်းလာစေရန်နှင့် ကျန်းမာ ကြံခိုင်သောလူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ ညနေ(၃)နာရီကမြို့မဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 05,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ တိုင်းဒေသကြီးအားကစားခန်းမတွင် ကျင်းပခဲ့သည်။
Jan 05,2022
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမနှင့် ကာလ်ဆင် နှစ်ခြင်းဘုရားကျောင်းတို့တွင် ဆေးထိုးစုရပ် နှစ်နေရာခွဲ၍ စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Jan 05,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအလံတိုင်ကွင်း၌ ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်က ကျင်းပရာတက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြ သည်။
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့နေ့လယ် (၁၂) နာရီကျင်းပ ပြုလုပ်ခဲ့သည်။
Jan 05,2022
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံတွင် ကျင်းပခဲ့သည်။
Jan 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်န ဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့မအားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။