ကုန်းကြမ်း ဇန်နဝါရီ ၅
၇၄နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်း နိုင်ငံတော်အလေးပြုခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၄နာရီ ၂၀မိနစ်အချိန်တွင် ကုန်းကြမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့ကွင်းပြင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်ကျော်ထွန်း နှင့်အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ မြို့မိ/မြို့ဖများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများ တတ်ရောက်၍ နိုင်ငံတော်အလံအား အလေးပြုပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)မှ ဖတ်ကြားပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ မြို့မိ မြို့ဖများ ရပ်ကွက်/ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၁၅)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ၇၄နှစ်မြောက် လွတ်လပ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းသား/သူများအား အပြေးပြိုင်ပွဲ၊ ထိုင်ခုံလုပွဲ၊ မုန့်စားပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ သုံးချောင်းထောက်ပြိုင်ပွဲ၊ အပ်မှီးထိုးပြိုင်ပွဲ၊ ဇွန်းကိုက်ပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ ကွင်းလှည့်ပြိုင်ပွဲနှင့် ကွင်းလှည့်လမ်းလျှောက်ပြိုင်ပွဲ (၁၀)မျိုးနှင့် ဌာနဆိုင်ရာ အမျိုးသမီးများကို ဇွန်းကိုက်ပြိုင်ပွဲနှင့် စကောရွက်ပြိုင်ပွဲများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ကွင်းပြင်တွင် လည်းကောင်း၊ ဌာနဆိုင်ရာ အမျိုးသားဝန်ထမ်းများကို ပိုက်ကျော်ခြင်းအားကစား ပြိုင်ပွဲအား အမှတ် (၁၂၅) ခြေလျင်တပ်ရင်း အားကစားကွင်း လည်းကောင်း ကျင်းပပြုလုပ်၍ ဆုရရှိသူများအား ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မာမာ