အမြို့မြို့အနယ်နယ်သတင်းများ

Jan 05,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ချောင်းမကြီးကျေးရွာ၊ ကွင်းအမှတ်(၃၆၄-က)၊ ဦးပိုင်အမှတ်(၈၀)၊ တောင်သူ ဦးငွေဆန်း စိုက်ပျိုးထားသည့် မနောသုခ မိုးစပါး(၅)ဧကအနက်မှ (၀.၁၀)ဧကအား စံကွက်ရိတ်သိမ်းခြွေလှေ့ခြင်းကွင်းသရုပ်ပြပွဲကို ဇန်နဝါရီလ(၅)ရက်၊ နံနက်(၉)နာရီခွဲက အဆိုပါကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနရုံးဝန်းအတွင်း (၇၄) နှစ်မြောက်လွတ်လပ်ရေး နေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ မိနစ်၂၀ ကကျင်းပ ပြုလုပ်သည်။
Jan 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကြက်တောင်အားကစားရုံတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဘောဂလိမြို့ မြို့ပေါ်ရပ်ကွက်အတွင်း လမ်းသွားလမ်းလာ မိဘပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 05,2022
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ အကြမ်းဖက်မှုကင်းစင်သော မိသားစုများဆီသို့အသိပညာပေး Talk Show ကို ယနေ့‌နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ (၂) နာရီက ဝါးခယ်မမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ သွား‌ရောက်ဆောင်ရွက်ပေးခဲ့သည်။
Jan 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးတွင် (၇၄)နှစ်မြောက်လွတ်လပ် ရေးနေ့အထိမ်းအမှတ်ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများအတွက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ဇန်နဝါရီလ (၄)ရက်နေ့က အ.ထ.က ခမောက်ကြီးကျောင်း၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
Jan 05,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အဆင့်လိုက် တတ်မြောက်မှုများအား မူလတန်းအောက်အဆင့် Grade-1 (သင်ရိုးသစ်)မှ Grade-11 (သင်ရိုးဟောင်း)အထိ (ပထမ)နှစ်ဝက်ကို ဇန်နဝါရီလ (၅ရက်မှ ၇ရက်)နေ့အထိ တစ်နေ့လျှင် (၂)ဘာသာနှုန်းဖြင့် စာသင်ချိန်တစ်ချိန် (၄၅) မိနစ်စီဖြင့် သက်ဆိုင်ရာကျောင်းများ အလိုက် ဖြေဆိုစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။