အမြို့မြို့အနယ်နယ်သတင်းများ

Jan 05,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက် ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်​ခဲ့​သည်။
Jan 05,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွင်ပွဲများကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်မှ စတင်ကာ အားကစားဝါတနာရှင်လူငယ် လူရွယ် မောင်မယ်များမှ ပျော်ရွှင်အေးချမ်း သာယာစွာဖြင့် ပါဝင်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရသည်။
Jan 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဘုရင့်နောင်ရပ်ကွက် အောက်စီဂျင်ကူညီရေးအဖွဲ့၊ မေတ္တာရှင် သွေးလှူအဖွဲ့နှင့် ဒို့တပ်ကုန်း သဘာဝဘေးကူညီရေးအဖွဲ့တို့ ပူးပေါင်း၍ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တပ်ကုန်းမြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့သည်။
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ရွှေလေး ကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကတ်မရှိသူများအား နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၀နာရီ မိနစ် ၃၀က အင်္ဂပူမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) အပါအဝင် ရောဂါပိုး ကာကွယ်ရေး အသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 05,2022
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်း စာစောင်များ ကို မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့ရှိ စာသင်ကျောင်းနှင့် ရုံးများ အပြင် ယမန်နေ့က လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားများ၌ လည်း ဖြန့်ဝေခဲ့ကြောင်းသိရသည်။