အကြမ်းဖက်မှုကင်းစင်သော မိသားစုဘဝများဆီသို့ အသိပညာပေး Talk Show ကျင်းပ

‌ဇေယျာသီရိ ဇန်နဝါရီ ၅

ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ အကြမ်းဖက်မှုကင်းစင်သော မိသားစုများဆီသို့အသိပညာပေး Talk Show ကို ယနေ့‌နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင် အကြမ်းဖက်မှုကင်းစင်သော မိသားစု များဆီသို့အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်မြစန်းရီနှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်တို့က အိမ်တွင်းအကြမ်းဖက်မှု အမျိုး အစားများ၊ အိမ်တွင်းအကြမ်းဖက်မှုကြောင့် ထိခိုက်နိုင်သည့် အကြောင်းအရာများ၊ အကြမ်းဖက် မှု များပပျောက်နိုင်ရန် ဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် အိမ်တွင်းတစ်ခုမှစ၍ အကြမ်းဖက်မှုများကင်းစင်ပြီး ငြိမ်းချမ်းမှုရရှိကာ  ရပ်ကွက်/ကျေးရွာ နိုင်ငံတော်အဆင့်ထိ ငြိမ်းချမ်းမှုရှိနိုင်ကြောင်း စသည့်အကြောင်းအရာ များ ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ် လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)