အမြို့မြို့အနယ်နယ်သတင်းများ

Jan 05,2022
၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 05,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားပွဲကို ယမန်နေ့ နံနက်(၇) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပသည်။
Jan 05,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေနံချောင်းမြို့ ဗိုလ်ချုပ်ပန်းခြံနှင့် မြို့မကျောင်းအလယ်ရှိ လွတ်လပ်ရေး ကျောက်တိုင် ကွင်းတွင် ကိုဗစ်-၁၉ကာလ သတ်မှတ် ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 05,2022
နှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သည့် ဒီဇင်ဘာလကုန်နှင့် ဇန်နဝါရီလဆန်းတွင် ပြင်ဦးလွင်မြို့တွင် မြန်မာနိုင်ငံတစ်ဝန်းမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Jan 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် အားကစား ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၇ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
Jan 05,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် စည်ပင်သာယာပန်းခြံဝန်းအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄) နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)နာရီက ခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။