ရမည်းသင်း ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနရုံးဝန်းအတွင်း (၇၄) နှစ်မြောက်လွတ်လပ်ရေး နေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ မိနစ်၂၀ ကကျင်းပ ပြုလုပ်သည်။
ထို့နောက်နံနက် ၇ နာရီ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ဖတ်ကြားသည်။
အဆိုပါ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ ညွန်ကြား ချက်များနှင့်အညီ ကျင်းပဆောင်ရွက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကထုတ်ဝေသည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်