သရက်ချောင်းမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

သရက်ချောင်း  ဇန်နဝါရီ  ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကြက်တောင်အားကစားရုံတွင် ယမန်နေ့နံနက်()နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဖိတ်ခေါ် စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့်  ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာ၀န်ရှိသူများက စားပွဲတင်တင်းနစ် ပထမဆုကို ဦးရန်လင်းနိုင်၊ ဒုတိယဆုကို ဦးတင့်လွင်၊ တတိယဆုကို ဦးတင်မောင်မျိုးတို့က ရှိပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု မြို့မ()အသင်း၊ ဒုတိယဆုကို မြို့မ()အသင်းနှင့် တတိယဆုကို ပိန်းတောအသင်းမှ အသီးသီးရှိကြောင်း သိရသည်။