အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများက မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်‌ရေးနှင့် ကာကွယ်ဆေးများ မဖြစ်မနေထိုးနှံကြရေး  အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်နှင့်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 06,2022
လားရှိုးမြို့ ရပ်ကွက် (၁၂) အေတီတံတားအနီး၌ Welcome to LASHIO ဆိုင်းဘုတ်ကို ဇန်နဝါရီ (၃) ရက်နေ့က လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနက ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
Jan 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အားစနစ် ပိုမိုတိုးတက်ကောင်းမွန်လာရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 06,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့နံနက်က ခရိုင်အုပ်ချုပ်ရေးမှူး ရုံးရှေ့၌ ကျင်းပသည်။
Jan 06,2022
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ သာယာလှပစေရန်၊ စျေးသည်များစနစ်တကျ ရောင်းချမှုရှိစေရန်နှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်အတွက် မြို့အုပ်ချုပ် ရေးမှူး ဦးဆောင်၍ ယနေ့နံနက် ၉ နာရီက ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး အဖွဲ့များက ကွင်းဆင်းစစ် ဆေး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
Jan 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ပထမအကြိမ် အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
Jan 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသေးသော ဒေသခံ ပြည်သူများအား ပန်ကျုံရွာနှင့် ပန်ပွဲရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။
Jan 06,2022
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ် နှင့်အညီ ယနေ့နံနက် နံနက်(၈)နာရီက ငကွကျေးရွာအုပ်စုရှိပြည်သူများအား အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက် ကွင်းဆင်း ဆောင်ရွက်‌ ပေးခဲ့ကြောင်းသိရသည်။