အမြို့မြို့အနယ်နယ်သတင်းများ

Jan 05,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများက လာရောက်ထုတ်ယူကြကြောင်းသိရသည်။
Jan 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ထန်းတပင်မြို့နယ် သီရိမင်္ဂလာခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 05,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တွင် ကျရောက်သော(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ အလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး အစည်းအဝေး ခန်းမအတွင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jan 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အလံတင်အခမ်းအနားကို ယမန်နေ့ နံနက်(၄)နာရီ မိနစ်(၂၀)အချိန် က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးအဝင်းအတွင်း၌ ကျင်းပရာ မြန်မာနိုင်ငံဂုဏ်ပြုရဲတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် တာဝန်ရှိသူများက အလေးပြုခဲ့ကြသည်။
Jan 05,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တွင် ကျရောက်သော(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ အလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး အစည်းအဝေး ခန်းမအတွင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့်ဆောင်ရွက်သည့် ကျောက်တံခါးကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများကို ယနေ့ညနေ(၃)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 05,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာ ရီအထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။