Welcome to LASHIO ဆိုင်းဘုတ် လားရှိုးမြို့၌တပ်ဆင်

လားရှိုး ဇန်နဝါရီ ၆

လားရှိုးမြို့ ရပ်ကွက် (၁၂) အေတီတံတားအနီး၌ Welcome to LASHIO ဆိုင်းဘုတ်ကို ဇန်နဝါရီ (၃) ရက်နေ့က လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနက ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၄၇၈၆၀၀၀) ကျပ်ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့က လားရှိုးမြို့၌ စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့က ပြီးစီးခဲ့ပြီဖြစ်သည်။

အဆိုပါ Welcome to LASHIO ဆိုင်းဘုတ်နေရာ၌ ရှုခင်းလာရောက်ကြည့်ရှုသူများ၊ ဓါတ်ပုံရိုက်သူများ လာရောက်လျက်ရှိနေကြသည်။

လားရှိုးမြို့၌ We Love LASHIO ဆိုင်းဘုတ်ကို ရန်တိုင်းအောင်ဘုရားအနီးရှိ လားရှိုး-သိန္နီမြို့တွင်း လမ်းမကြီးဘေး၌ ပထမဦးဆုံးတည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယခု အလျား(၃၄)ပေ-အနံ(၁၄)ရှိ Welcome to LASHIO ဆိုင်းဘုတ်မှာ ဒုတိယတစ်ခုအဖြစ် ထပ်မံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ဇင်ထံက သိရသည်။

ဟန်ဌေး