အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေ သုံးသောင်းကျပ်ကို ယနေ့ နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 06,2022
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း (ACLC) သိုလှောင်ရုံ၌ ယမန်နေ့က ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးနှင့်နေကြာစိုက် တောင်သူများအား ဓာတ်မြေသြဇာများကို စျေးနှုံးသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။
Jan 06,2022
ရန်ကုန်တိုင်ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြိုတွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ယနေ့နံနက် ၁၀ နာရီက တံတားမြို့ သုံးလောကထွဋ်ခေါင်မာရ်အောင် ရတနာဘုရားကြီးဝန်းအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
Jan 06,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ 
Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အားကစားခန်းမ၌ ဆက်လက်ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
Jan 06,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်(WFP)၏ စတုတ္ထအကြိမ်မြောက် စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဉ်အတွက်၊ အမှတ်(၁၁) ရပ်ကွက်အတွင်းရှိ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အိမ်ထောင်စုများအား မြေပြင်စီစစ်ခြင်းနှင့် ထောက်ပံ့ရန် လိုအပ်သော မိသားစုများအား စားနပ်ရိက္ခာ ထုတ်ယူနိုင်ရန်အတွက် တိုကင်စလစ်ပြားများ အိမ်တိုင်ရာရောက် ထုတ်ပေးခြင်း လုပ်ငန်းကို ယနေ့ (၅.၁.၂၀၂၂)ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်ခန့်က စတင်၍ (WFP)မှ မြေပြင်ကွင်းဆင်းဝန်ထမ်း ဦးအောင်ကိုကို ဦးစီးသော အင်အား (၅၈)ဦးတို့မှ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦး ဦးစီးသော အင်အား(၃၂)ဦးတို့မှ လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။
Jan 06,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် နိုဝင်ဘာ ၂ဝရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယ သုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။