Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေကျင်မြို့နယ် ပဒဲကောကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်
Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပဒဲကောကျေးရွာအတွင်းရှိ လမ်းဆုံ လမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်/ဆောင်းဘောက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တာလေ၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ
Jan 06,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊တာလေမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းများကို တိုက်နယ်ပြည်သူ့ကျန်းမာရေးဌာန၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ် အ•မ•က (ဟိုရင်) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jan 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အ.မ.က (ဟိုရင်) ကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့ရှိ နမ့်လင်းချောင်းအား မူလရေစီးလမ်းကြောင်းအတိုင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းအား ကိုယ်ထူကိုယ်ထစနစ်ဖြင့်ဆောင်ရွက်
Jan 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့အတွင်းစီးဆင်းနေသော နမ့်လင်း ချောင်းအား မူလရေစီးလမ်းကြောင်းအတိုင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို ဇန်နဝါရီ ၄ ရက်မှစတင်၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး
Jan 06,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရွှေသက်လွတ်ဘုရာဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများမှ ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့အမှတ်(၂)ရပ်ကွက် ပန်းခြံအရှေ့ ကျောက်စီရေမြောင်းပြုလုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်း (၈၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး
Jan 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ပန်းခြံရှေ့ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၈၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာ၌ (VDP)စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းများ ၉၅ % ပြီးစီးပြီဖြစ်
Jan 06,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၂၁- ၂၀၂၂ဘဏ္ဍာနှစ် (၆)လတာ ကာလအတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းကို စီမံကိန်းရန်ပုံငွေကျပ်သိန်း(၁၀၀)စီဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ သဲကောကျေးရွာ၊ ရွာမနား(တောင်)ကျေးရွာ၊ နတ်စင်ကုန်းကျေးရွာနှင့်ဥယျာဉ်စုကျေးရွာနေ ပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျေးရွာအတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့၌ အများပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 06,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ဗီဇ ပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါပိုးများကို သတိပြုအလေးနက်ထား ကြိုတင် ကာကွယ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွား ရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23190
Page
23191
Page
23192
Page
23193
Current page
23194
Page
23195
Page
23196
Page
23197
Page
23198
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department