တာလေမြို့ရှိ နမ့်လင်းချောင်းအား မူလရေစီးလမ်းကြောင်းအတိုင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းအား ကိုယ်ထူကိုယ်ထစနစ်​ဖြင့်ဆောင်ရွက်

တာလေ ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့အတွင်းစီးဆင်းနေသော နမ့်လင်း ချောင်းအား မူလရေစီးလမ်းကြောင်းအတိုင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို ဇန်နဝါရီ ၄ ရက်မှစတင်၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာလေမြို့ရှိ နမ့်လင်းချောင်းရေစီးကြောင်းသည် မိုးရာသီကာလ၌ ရေစီးကြောင်းများသည် အင်အားပြင်းစွာ ရေစီးလမ်းကြောင်းပြောင်း၍ စီးဆင်းခြင်းများ ကြောင့် ချောင်းကမ်းပါးများမှာ ပြိုကျလာပြီး  ချောင်းဘေးတစ်လျှောက်ရှိ ပြည်သူ့ဆေးရုံဝင်းနှင့် အမှတ်(၂)ရပ်ကွက်ဘက် အခြမ်းမှ ချောင်းဘေးတစ်လျှောက်ရှိ လူနေအဆောက်အဦများနှင့် နီးကပ်လာခြင်းတို့ကြောင့် ရေတိုက်စားခြင်းကြောင့် ချောင်းကမ်းပါးပြိုကျခြင်း၊ လူနေအဆောက်အဦများ ပျက်စီးဆုံးရှုံး ခြင်းများ အန္တရာယ်မှကြိုတင်ကာကွယ်သည့်အနေဖြင့် ရေစီးကြောင်းအား မူလရေစီး လမ်းကြောင်းများအတိုင်း စီးဆင်းနိုင်ရေး ရေစီးလမ်းကြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦချစ်ကိုက ဦဆောင်၍ တာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်မှုအားဖြင့် ကိုယ်ထူကိုယ်ထစနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန် /ဆက်)