အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2022
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါပိုးအား သတိပြုကာ ကွယ် နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းတို့သည် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀နာရီခွဲက ရှမ်းပွဲရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။
Jan 06,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ စီပင်လှကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။
Jan 06,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ပျဉ်းပင်ရပ်ကွက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် တတ်ဆင်ခွင့်ရရှိခဲ့သော Transformer အသစ်တစ်လုံး တိုးချဲ့တတ်ဆင်မှုကို ဒီဇင်ဘာပထမပတ်မှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
Jan 06,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင်  ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေလင်းထွန်း၏ ဦးဆောင်မှုဖြင့် ဇန်နဝါရီ ၆ ရက် နံနက် ၇ နာရီက မြို့မစျေးရှေ့နှင့် စျေးအတွင်း၌ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
Jan 06,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အမှတ် (၂)ရပ်ကွက် မြကန်သာရပ်၌ ဆောင်ရွက်ခဲ့ကြသည်။
Jan 06,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ မဲပရကျေးရွာအုပ်စုတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံး လပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ) အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
Jan 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့က    ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာများ သို့ ကရင်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိသည်။