လဲချား ဇန်နဝါရီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အ.မ.က (ဟိုရင်) ကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေက နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို တန်ဖိုးထား ကိုင်ဆောင်ရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူ လိုက်နာရမည့်အချက်များကို အသေးစိတ်ရှင်းလင်းပြောကြားကာ အသက်(၁၀)နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ကျောင်းသား (၅)ဦး၊ ကျောင်းသူ(၂၂)ဦး စုစုပေါင်း (၂၇) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)