ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ကျိုက်လတ် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ဇေယျက ရုံးဌာနများ၊ရပ်ကွက်များ မြို့သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ရန်၊ ကိုဗစ်ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ( Booster Dose) ထိုးနှံရေး နှင့်ဌာနများ အလိုက်လုပ်ငန်း‌ဆောင်ရွက်မှုလိုအပ်ချက်များဆွေးနွေး  ပြောကြားခဲ့ပြီး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲမင်း က မြို့နယ်တွင် လုံခြုံရေးပိုင်း ဆောင်ရွက်နေမှု၊ အုပ်ချုပ်ရေးပိုင်း ဆောင်ရွက်နေမှုများ၊ မြို့ထိပ်စစ်ဆေးရေး ပူးပေါင်း ဂိတ်များ နေ့စဉ်ဆောင်ရွက်နေမှုများရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့်ဌာနဆိုင်ရာများက လက်ရှိ ဆောင်ရွက်နေမှုများ နှင့်ရှေ့ဆက်ဆောင်ရွက် ရမည့် လုပ်ငန်းများအားဆွေးနွေးတင်ပြခဲ့ကြသည်။ 

ဌေးဌေးလှိုင်