အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို  ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့ နံနက်ပိုင်းက ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​သည်။
Jan 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများသည် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကာကွယ်ရေး အသိပညာ ပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 06,2022
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့ နံနက် ၈နာရီ က ချောင်းဆုံမြို့ပေါ်(၃)ရပ်ကွက်တွင် ကိုဗစ်-၁၉ (ဗီဇပြောင်း) အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး အသိပညာ ပေးနှိုး ဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Jan 06,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ရာသီဥတုနှင့် သဘာဝရေမြေ အခြေအနေအရ သံပုရာပင်များ စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး စိုက်ပျိုးဧကပေါင်း တစ်သောင်းကျော်ခန့်ရှိပြီး တစ်နှစ်လျင် မိုးရာသီနှင့်နွေရာသီတွင် နှစ်ကြိမ်ခန့် နှစ်စဉ် သံပုရာသီးများ များစွာထွက်ရှိသည့် မြို့နယ်တစ်မြို့ဖြစ်ကြောင်း သိရသည်။
Jan 06,2022
ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သည့် ပြည်တွင်း ဘုရားဖူးခရီးသွားများ အား ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမကြီးဘေး ထန်းတောများတွင် ဆောက်လုပ် ထားသည့် ထန်းမျှော်စင် (ထန်းလင့်စင်) များအား စိတ်ဝင်စားမှု မြင့်တက်လာနေကြောင်း ပိုင်ထန်း တဲထန်းလျက် မျိုးစုံရောင်းချရေး ဆိုင်ပိုင်ရှင် ဦးမောင်စန်းကရှင်းပြ၍ သိရသည်။
Jan 06,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူ ကလေး ငယ်များ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချ တတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာ စေရန်၊ ကိုယ်ပိုင် တီထွင် တတ်သည့် အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကလေး စာဖတ်ခန်းတွင် ယမန်နေ့မွန်းလွဲ ၁၂နာရီခွဲက ပုံပြင်ပြောပြခြင်းနှင့် ကဗျာရွတ် ဆိုခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Jan 06,2022
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အများပြည်သူ နေ့စဉ်စားသုံး လျက်ရှိသည့် အသီးအနှံများအနက် ဆောင်းရာသီ သီးနှံပင်များ ဖြစ်သည့် အိမ်ရှင်မများ အကြိုက် မုန်ညင်းပင်၊ ငရုတ်ပွ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ ပင်များကို နမ့်မော်ဆွမ့်ကျေးရွာ အုပ်စုရှိ ခြံစိုက်တောင်သူများက စီးပွားဖြစ် စိုက်ပျိုးကြရာ အထွက်နှုန်းကောင်းမွန်ပြီး စျေးကောင်းရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိသည်။
Jan 06,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ယနေ့နံနက်(၁၀)နာရီတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်းဒေးရှင်းအသင်းမှ မီးဘေးကြောင့် ဆုံးရှုံးခဲ့သည့် သာကေတမြို့နယ် (၁၀) တောင်ရပ်ကွက် ပညာအလင်းပြ စာကြည့်တိုက် ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ငွေကျပ်သိန်း(၂၀)နှင့် သုတ(၅၀)အုပ်အား ပေးအပ် လှူဒါန်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။