ညောင်ဦးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှု ၁၄၁၉၀ ဦးထိုးပေးပြီးဖြစ်

ညောင်ဦး ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း အချိန်အထိ ၁၄၁၉၀ ဦးထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် အခြေခံပညာဦးစီးဌာန၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုခင် (ဒုတိယညွှန်ကြားရေးမှူး) ထံက သိရသည်။

ညောင်ဦးခရိုင်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်စု ရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆေးခွဲတမ်းရရှိသည့် အပေါ်မူတည်ကာ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင်  ပထမသုတ် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၂၀၅၄ ဦး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပထမအသုတ် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီ ၄၃၄၄ ဦး ရှိပြီး အသက် ၁၂ နှစ်နှစ်အထက် ပထမ အသုတ် ထိုးနှံပြီးသူ ၆၃၉၈ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း၊  ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ဒုတိယ အသုတ် ပထမအကြိမ် ၂၅၁၃ဦး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ် ၅၂၇၉ ဦး ထိုးနှံးပေးပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ် ကြိမ်လုံးထိုးပြီးသူ ၆၃၉၈ ဦးနှင့် ညောင်ဦးခရိုင်တွင်ဒုတိယအသုတ် ပထမအကြိမ်ထိုးပြီးသူ ၇၇၉၂ ဦးထိုးပေးပြီဖြစ်ကြောင်း ညောင်ဦးခရိုင်ပညာရေးမှူး ဒေါ်စုစုခင် (ဒုတိယညွှန်ကြားရေးမှူး) က ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အသက် ၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ဆေးထိုးသည့်သတ် မှတ်စုရပ်များသို့ ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်း၊ ညောင်ဦးခရိုင်ပညာရေးမှူး ဒေါ်စုစုခင်၊ ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးနှင့် ညောင်ဦးမြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆေးထိုးလာသည့် ကျောင်းသား၊ ကျောင်းသူများအား နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ ကြောင်း သိရသည်။ ညောင်ဦးမြို့ခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးနိုင်ရန် သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ မိဘဆရာ တာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာ/ဆရာမ ကြီးများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ ပူးပေါင်းကာ ကိုဗစ် ကာကွယ်ဆေးများ အခက်အခဲ မရှိ ထိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုထိန်၊KPD