ရန်ကုန် ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ဖြစ်ပေါ်လေ့ရှိသော ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ရွာမအရှေ့ရပ်ကွက်ရှိက သွယ်ချောင်း အား ရေစီးရေလာကောင်းမွန်ရေး ယမန်နေ့ ညနေ့ပိုင်းက ဆောင်ရွက်သည်။
အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ဌာန ပတ်ဝန်းကျင် သန့်ရှင်ရေးမှ ဝန်ထမ်း(၁၀)ဦး၊ ရေစီးရေလာမှ (၁၀)ဦး၊ ပန်းဉယျာဉ်မှ (၅)ဦး၊ မြို့နယ်ရုံးမှ(၅)ဦး စုစုပေါင်း ဝန်ထမ်း(၃၀)ဦးက ရေမြောင်းအတွင်း အမှိုက်များ ရှင်းခြင်း၊ ချောင်း ၏ဘေး ဝဲ/ယာမှ ချုံနွယ်များနှင့် မြေပိုများကိုရှင်းခြင်း အမှိုက်များကို ထိန်ပင်အမှိုက်ကုန်းသို့ အမှိုက် သယ်ကားဖြင့် စနစ်တကျ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်သည်။
အင်းစိန်မြို့နယ်၊ သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် ရေကြီးမှုများ မဖြစ်ပေါ်စေရန်အတွက် အဓိကချောင်းများဖြစ်သော ဖော့ကန်ရပ်ကွက်ရှိ ရွာမချောင်း၊ ရွာမအရှေ့ရပ်ကွက်ရှိ ပေါက်တောချောင်းနှင့် ကသွယ်ချောင်းစသည့် ချောင်းများနှင့် မြောင်းများကို ရေးစီးရေလာကောင်းမွန် အောင် ရှင်းလင်းခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဇွဲထက်ကို