ကြံခင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေးလုပ်ငန်းဖြစ်သော ပြည်သူ့စာကြည့်တိုက်  Facebook Pag eမှတစ်ဆင့် အရည်အသွေးပြည့်မှီသော ပုံပြောအစီအစဉ် လွှင့်တင်နိုင်ရေး ဆောင်ရွက်

ကြံခင်း ဇန်နဝါရီ. ၆ 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့်အရည်အသွေးပြည့်မှီသည့် ပုံပြောအစီအစဉ်များ လွှင့်တင်ပေးနိုင်ရန် ယနေ့နံနက်(၁၀)နာရီအချိန်က ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲအစီအစဉ် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်မှမြို့နယ်ရုံးရှိပြည်သူ့စာကြည့်တိုက် Facebook Pageမှတစ်ဆင့်စာကြည့်တိုက်ဆိုင်ရာအသိပညာပေးခြင်းလုပ်ငန်းများကိုလှုပ်ရှားဆောင်ရွက်လျက်ရှိသောပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ဆေးရောင်ခြယ်ခြင်း၊ စက္ကူခေါက်ခြင်း၊ အိမ်တွင်းမှုလုပ်ငန်းများနှင့် စာအုပ်မိတ်ဆက်ခြင်းများကိုWebsiteTV ရိုက်ကူးပြီးလွှင့်တင်ပေးလျက်ရှိပါကြောင်း၊ ယခုအခါအရည်အသွေးပြည့်မီသည့်ပုံပြင်များလွှင့်တင်နိုင်ရေးအတွက် ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီ(၁)ရက်မှစပြီးသတ်မှတ်ချက်နှင့်အညီတစ်ခရိုင်လျှင်တစ်ဦးနှုန်းဝင်ရောက်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ကြသောကျောင်းသား/သူ လူငယ်မောင်မယ်လေးများအားပထမဆုငွေကျပ်တစ်သိန်း၊ ဒုတိယဆုငွေကျပ်ရှစ်သောင်း၊တတိယဆုငွေကျပ်ငါးသောင်းနှင့် အထူးဆု (၅)ဆုတွက်ငွေကျပ်နှစ်သောင်းစီချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ပါဝင်ယှဉ်ပြိုင်ကြသောပုံပြင်များအားလူမှုဝန်ထမ်းဦးစီးဌာန၊ပညာရေးဌာန၊ စာရေးဆရာအသင်း၊ Book Clubနှင့် Youth Club အဖွဲ့အစည်းများဖြင့်အကဲဖြတ်စိစစ်ပြီး စည်းမျဉ်း၊စည်းကမ်းများနှင့်အညီအမှတ်ပေးစိစစ်ရွေးချယ်သွားမှာဖြစ်ကြောင်းပြောကြားပါသည်။ 

ထိုနောက်ကြံခင်းမြို့နယ်ရွာသစ်ရပ်ကွက်  (အ မ က)အင်းလပ်အရှေ့ကျောင်းမှ Grade-4ကျောင်းသူ မကြယ်စင်သာက ရွှေပဒေသာပင်စာအုပ်တိုက်မှထုတ်ဝေပြီး၊  မောင်ဆန္ဒ(လယ်ဝေး)ရေးသားသော "ငဦးခေါင်းနှင့်စကားထူးဆန်းပုံပြင်"စာအုပ်မှ "တစ်ဦးအပြစ်တစ်ဦးဆို သူရောကိုယ်ပါပျက်ဆီးရ"အသိပညာပေးပုံပြင်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့်  ၎င်းအသိပညာပေးပုံပြင်ကို  facebook  Pageမှလွှင့်တင် ပေးသွားမည်  ဖြစ်ကြောင်းသိရသည်။

မိုးမိုး