မြောက်ဥက္ကလာပမြို့နယ်တွင် Mask Campaign ဆောင်ရွက်

မြောက်ဥက္ကလာပ ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်၊ မေဓာဝီစျေးတွင် စျေးဝယ်/ စျေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများ၊ မေဓာဝီစျေးတာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ဈေးအတွင်း ဈေးရောင်းသူ/ ဈေးဝယ်သူများအား Mask Campaign ဆောင်ရွက်ခြင်း၊ စည်းကမ်းစနစ်တကျ စျေးရောင်းချစေရေး၊ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေး အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း