ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်နိုင်ရေးအသိပေးနှိုးဆော်မှုများဆောင်ရွက်

ချောင်းဆုံ         ဇန်နဝါရီ          

ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့ နံနက် ၈နာရီ  က ချောင်းဆုံမြို့ပေါ်(၃)ရပ်ကွက်တွင် ကိုဗစ်-၁၉ (ဗီဇပြောင်း) အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး အသိပညာ ပေးနှိုး ဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)နှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေး ဝန်ကြီးဌာနမှ အားသွန်ခွန်စိုက်ဆောင်ရွက်လျက် ရှိရာ ပြည်သူလူထုအနေဖြင့် အဆိုပါ ရောဂါပိုး နှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်းကြောင့်ကြခြင်းမပြုကြရန်၊ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်များကို လိုက်နာကြရန်၊ သံသယရော ဂါလက္ခဏာရှိသူများ အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှု (မပျက်မကွက်) အကြိမ်ပြည့် ခံယူခြင်းနှင့် ကာကွယ် ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေး ထိုးနှံ ပေးရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ ဆောင်ပေးကြရန်စသည့် အချက်များကို အသိပေး တိုက်တွန်းနှိုးဆော် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)