သီပေါ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများသည် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကာကွယ်ရေး အသိပညာ ပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်း ကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိရသည့် မျိုးဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူ များအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်း များနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံမှု အပြည့်အဝရရှိစေရန် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက်အကြိမ်အရေအတွက်ပြည့်ဝစွာ ထိုးနှံကြပါရန် စသည့် အချက်များအား အသိပညာ ပေးခြင်းများကို နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)