လမိုင်း ဇန်နဝါရီ ၆
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူ ကလေး ငယ်များ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချ တတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာ စေရန်၊ ကိုယ်ပိုင် တီထွင် တတ်သည့် အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကလေး စာဖတ်ခန်းတွင် ယမန်နေ့မွန်းလွဲ ၁၂နာရီခွဲက ပုံပြင်ပြောပြခြင်းနှင့် ကဗျာရွတ် ဆိုခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းတွင် ဒုတိယဦစီးမှူးဒေါ်ဖြူဖြူအေးကကလေးသူများအနေဖြင့် စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုတတိုးပွား လာစေရန်၊ စာကြည့်တိုက်ကိုလာရောက် အသုံးပြုသည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန် အတွက် ကျောင်းသားကျောင်းသူများအား သူငယ်ချင်းကောင်း ဆိုတဲ့ပုံပြင် ပြောပြပေးခြင်း ကဗျာရွတ်ဆိုခြင်းပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လမိုင်း(ပြန်/ဆက်)