ရေး ဇန်နဝါရီ ၆
မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာရှိ ကျိုက်ဒေတမော့ဗရတ်သာသနာပြုဌာန ဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မ ဦးဆောင်မှုဖြင့် ဆောက်လုပ်နေသည့် အာယုကရုဏာဘိုးဘွားရိပ်သာ ကြိုဆိုဧည့်ခံဆောင် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ က တူးမြောင်းကျေးရွာအနီး ရေး-မော်လမြိုင် လမ်းမကြီး၊ လေယာဉ်ကွင်းဟောင်းရှေ့ အဆိုပါ ဆောက်လုပ်မည့်မြေနေရာ၌ ဆောင်ရွက်ခဲ့သည်။
အာယုကရုဏာဘိုးဘွားရိပ်သာ ကြိုဆိုဧည့်ခံဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဆရာတော် ဘဒ္ဒန္တပုပ္ဖရမနှင့် ဒါယကာများက ဦးဆောင်ပြုလုပ်ကြပြီး ဘိုးဘွားရိပ်သာကို မြေဧက (၄)ဧကကျော် တွင် ဘိုးဘွားများနေထိုင်ရန်အတွက် လူ(၂၀) ဦးဆံ့ အိပ်ဆောင်(၂)ဆောင်၊ စားသောက်ခန်းမ၊ အုပ်ချုပ်မှုအဆောင် (၁)ဆောင်၊ ခန်းမ(၁)ခုတို့ ဆောက်လုပ်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်းသုံးထောင်ခန့် ကုန်ကျမည်ဖြစ်သည်။
ကျိုက်ဒေတမော့ဗရတ်သာသနာပြုဌာန ဆရာတော်ဘဒ္ဒန္တပုပ္ဖရမ္မမှ ရေးမြို့နယ်အတွင်းရှိ ပြုစုစောင့် ရှောက်ရန်လိုအပ်နေသော ဘိုးဘွားများရှိနေကြသော်လည်း ပြုစုစောင့်ရှာက်ဖို့ရန်အတွက် ဘိုးဘွားရိပ်သာ မရှိခြင်းကြောင့် ဆောက်လုပ်ခြင်းဖြစ်ပြီး ချိုတဲ့သော၊ ကျန်းမာရေးချို့ယွင်းပြီး ပြုစုစောင့်ရှောက်ရန် လိုအပ်နေသော အမှီအခိုကင်းမဲ့သည့် ဘိုးဘွားများအတွက် မှီခိုအားထားရာ နေရာတစ်ခုဖြစ်လာစေရန်၊ အကူအညီ လိုအပ်နေသော ဘိုးဘွားများအေးချမ်းစွာနေထိုင်ပြီး စနစ်တကျပြုစုစောင့်ရှောက်နိုင်စေရန်နှင့် ဘိုးဘွားများအနေဖြင့် မစွမ်းဆောင်နိုင်တော့သည့် အချိန်ကာလတွင် ကောင်းမွန်စွာအသက်ရှင်နေထိုင်ပြီး အပူအပင်ကင်းမဲ့စွာ တရားဘာဝနာပွားများ အားထုန်နိုင်ကြစေရန် ရည်ရွယ်ပြီး ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်