ညောင်လေးပင် ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့မွန်းလွဲ ၁နာရီခန့်က မကူးစက်တတ်သော ရောဂါများအား စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။စစ်ဆေးဆောင်ရွက်ပေးရာတွင် မကူးစက်တတ်သော ရောဂါအမျိုးအစားများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ ကင်ဆာ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်စသည့် ရောဂါများအားစစ်ဆေးပေးခဲ့ပြီး အကယ်၍ ရောဂါတွေ့ရှိပါက ရောဂါများအတွက် ဆေး(၃)လစာအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။မကူးစက်တတ်သော ရောဂါများအား စစ်ဆေးပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများမှ ဦးဆောင်၍ ယနေ့တွင် မြို့နယ်ပညာရေးမှူးရုံးရှိ ဝန်ထမ်းများအားစစ်ဆေးပေးခဲ့ပြီး နောက်ရက်များတွင် ကျန်ရှိနေသော ဌာနဆိုင်ရာများအား ဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)