ဂွမြို့၌ မီးဘေးလုံခြုံရေး စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်

 

ဂွ  ဇန်နဝါရီ    

ရခိုင်ပြည်နယ် ဂွမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းများကို ယနေ့ နံနက်ပိုင်းက  မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက Denko စက်သုံးဆီအရောင်းဆိုင်နှင့် ကျော်စံ စက်သုံးဆီအရောင်းဆိုင်တို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် မီးသတ်ဦးစီးဌာနမှ ချမှတ်ထား သောစည်းကမ်းချက်များအား လိုက်နာဆောင်ရွက်နိုင်ရေးအတွက် မီးသုံးစွဲမှု အားစနစ်တကျ ရှိ / မရှိ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန် လောင်စာသိုလှောင်ထားရှိမှုများ စနစ်တကျ ရှိ /မရှိ  စစ်ဆေးခြင်း၊ မီးငြိမ်းသတ်နိုင်ရေး ပစ္စည်းများဖြစ်ကြသည့် ရေအိတ်၊ သဲအိတ်၊ လှေကား၊ မီးချိတ်၊ မီးကပ်နှင့် မီးသတ်ဆေးဗူးများ စနစ်တကျထားရှိခြင်း ရှိ/မရှိနှင့် မီးသတိပေးဆိုင်းဘုတ်များအားစိုက်ထူခြင်း ရှိ/မရှိစသည့်တို့ကို စစ်ဆေးခဲ့ကြပြီး မတော်တဆမီးလောင်မှု ဖြစ်ပွားပါက မီးငြှိမ်းသတ်နိုင်ရေး လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို  စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ် ဆောင်ရွက်စေခဲ့ကြောင်း သတင်းသိရသည်။

ရွှေရည်ဝင်းကျော်