အမြို့မြို့အနယ်နယ်သတင်းများ

Jan 09,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ‌ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးဇော်ဟိန်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လဝကဦးစီးမှူး ဦးသိန်းလွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က မကျီးကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Jan 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်ပြည်သူများအား နိုင်ငံသားကတ်ရရှိနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီလ (၈) ရက်နှင့် (၉) ရက်နေ့များတွင် မောင်းကုန်းကျေးရွာ အုပ်စု၊ မောင်းကုန်းကျေးရွာ  ကံသစ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။
Jan 09,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ရေးနှင့် လမ်းဘေးဝဲယာတွင် အမှိုက်များ မစွန့်ပစ်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက မြို့အဝင်လမ်း၊ ကြိုဆိုပါ၏ ပန်းခြံဝန်းကျင်၊ မြို့မစျေးအနောက်ဘက်၊ ဗိုလ်ချုပ်ကြေးရုပ် ဝန်းကျင်နှင့် ခိုင်ရွှေဝါလမ်းမကြီးတလျှောက် လမ်းဘေး ဝဲယာများတွင် စုပေါင်းသန့်ရှင်းရေး အမှိုက်များ ရှင်းလင်းခြင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Jan 09,2022
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီးပြန်လာသည့် မြန်မာလုပ်သား ၁၄၅ ဦးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ယမန်နေ့ ညနေ ၅ နာရီခွဲက ရောက်ရှိခဲ့ရာ ၎င်းတို့အား နေရပ်ဒေသအသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်နိုင်ရေး  တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကာ တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆာင်ပေးခဲ့ကြောင်း သိရသည်။
Jan 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်း မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။
Jan 09,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့က နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် သရက်အုပ်အုပ်စု၊ စံပြကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။
Jan 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများအား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၈) နာရီက ပုန်းညက်ကျေးရွာအုပ်စုနှင့် ဖောင်ရွာရပ်ကွက်တို့တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Jan 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်ရှိ မြို့ဦးစေတီရင်ပြင်တော်  ဘုရားအတွင်းရှိ ဘုရားဆင်းတုတော်များအား ရောင်တော်ဖွင့်ခြင်း၊ ဘုရားရင်ပြင်သန့်ရှင်းစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများပူးပေါင်း၍  စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။