ကျောက်ဆည် ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများအား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၈) နာရီက ပုန်းညက်ကျေးရွာအုပ်စုနှင့် ဖောင်ရွာရပ်ကွက်တို့တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူး ရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေနှင့်ဝန်ထမ်းမျာက ပုန်းညက်ကျေး ကျေးရွာအုပ်စုနှင့် ဖောင်ရွာရပ်ကွက်မှ အသက် (၁၀) နှစ်မှ (၁၆) နှစ်အတွင်းရှိ အမျိုးသား(၆)ဦး၊ အမျိုးသမီး (၂) ဦး၊ အသက်(၁၆)နှစ်မှ (၁၈) အတွင်းရှိ အမျိုးသား (၁၅)ဦး၊ အမျိုးသမီး(၆)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၁၂)ဦး စုစုပေါင်း(၅၈)ဦးအား နို်ငငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများနှင့် အိမ်ထောင်စုစာရင်းမရှိသူများအား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၁၈)အောက်(၆၃၄)ဦးနှင့် အသက်(၁၈)အထက်(၃၅၂၀)ဦး စုစုပေါင်း (၄၁၅၄)ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)