Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ စက်စက်ယိုကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ ဂါလံ ၈၀၀ လှူဒါန်း
Jan 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စက်စက်ယိုကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုက ဇန်နဝါရီ ၉ ရက်နေ့၊နံနက်ပိုင်းက သောက်သုံးရေ ဂါလံ ၈၀၀ လှူဒါန်းခြင်းနှင့် ဇန်နဝါရီ ၈ ရက်နေ့လည်း တောင်ဇင်းတိုက်နယ် တဲဘုံမတဲတိုက်သို့ သောက်သုံး ရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်၏ (Door to Door) စနစ်ဖြင့် အိမ်အရောက် ကွင်းဆင်းဆောင်ရွက်ပေး
Jan 09,2022
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံး၏ ပြည်သူများအား ပန်းခင်းစီမံချက်၏ (Door to Door) စနစ်ဖြင့် အိမ်အရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်များအား ယနေ့ နံနက် ၉ နာရီခွဲက ရေထွက်ကျေးရွာအုပ်စု၊ ဝါးကပ်တန်းကျေးရွာ၊ ပေါက်တောချောင် ကျေးရွာတို့သို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ Baby Mask နှင့် တီရှပ်အင်္ကျီများ လှူဒါန်း
Jan 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ အ.လ.က(၁၀)နှင့် မူလွန်(၁၃)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ Baby Mask နှင့် တီရှပ်အင်္ကျီများ လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တွံတေး၌ သဘာဝရေပြင် သဝန်းတောချောင်းအတွင်း ငါးကောင်ရေလေးသိန်း ငါးမျိုးများစိုက်ထည့်
Jan 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တွံတေးမြို့နယ်၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် တွံတေးငါးလုပ်ငန်းစခန်းတို့မှ ငါးသံယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်း နိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက တွံတေးမြို့နယ်၊ သဝန်းတောချောင်း သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်ပင်မြို့ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းစစ်ဆေး
Jan 09,2022
မြန်အောင်မြို့နယ်၊ အင်ပင်မြို့ရှိ မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းရုံးဝင်း မြေနေရာအတွင်း ဆောက်လုပ်မည့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ ဆောက်လုပ်မည့် မြေနေရာအား မြန်အောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ပြိုလက်ဝဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များနှင့် စျေးဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေး
Jan 09,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များနှင့် စျေးဆိုင်များအား ယမန်နေ့နံနက် ၉ နာရီအချိန်က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်သို့ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသား စသည့် စားသောက်ကုန် ပစ္စည်းများကို စျေးနှုန်းသက်သာစွာ ဈေးကားများဖြင့် လာရောက် လှည့်လည်…
Jan 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များ အသင်းနှင့်မြို့နယ် စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအား စား၀တ်နေရေး အဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ၀ယ်ယူရရှိနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသားစသည့် စားသောက်ကုန် ပစ္စည်းများကို ဈေးကားများဖြင့် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က သုံးခွမြို့ မဈေးအနောက်ဘက် ရှင်စောပုလမ်းတွင် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့၊ ဟိန္ဒါးကျေးရွာတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Jan 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒါးကျေးရွာအုပ်စုအတွင်းရ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ထားဝယ်မြို့နယ်၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီ အချိန်ခန့်တွင် မေတ္တာမြို့၊ ဟိန္ဒါးကျေးရွာ၊ ရွာလည်စေတီဘုန်းတော်ကြီးကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23124
Page
23125
Page
23126
Page
23127
Current page
23128
Page
23129
Page
23130
Page
23131
Page
23132
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department