မြောက်ဥက္ကလာပမြို့နယ်ရှိ  မြို့ဦးစေတီရင်ပြင်တော် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးကုသိုလ်ယူ ဆောင်ရွက်

မြောက်ဥက္ကလာပ ဇန်နဝါရီ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်ရှိ မြို့ဦးစေတီရင်ပြင်တော်  ဘုရားအတွင်းရှိ ဘုရားဆင်းတုတော်များအား ရောင်တော်ဖွင့်ခြင်း၊ ဘုရားရင်ပြင်သန့်ရှင်းစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများပူးပေါင်း၍  စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများသည်  စေတီတော်မြတ်ကြီး ရောင်တော်ဖွင့် ပူဇော်ခြင်း၊ ရင်ပြင်တော်တစ်လျှောက် တံ မြက်စည်းလှည်းခြင်း၊   စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်  ထိန်းသိမ်း ဆောင် ရွက်နေမှု၊ စေတီတော်ရင်ပြင် သန့်ရှင်းသာယာလှပစေရေးနှင့် ဘုရားဖူးလာပြည်သူများ အေးအေးချမ်းချမ်း လာရောက်ဖူးမြှော်ကြည်ညိုနိုင်ရေးအတွက် ယခုလို အပတ်စဉ် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကုသိုလ်ယူ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

မြမြဝင်း