Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စုပေါင်းအမှိုက်ကောက်ပွဲကျင်းပ
Jan 09,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးဆောင်ကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ပြီး စုပေါင်းအမှိုက်ကောက်ပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ ပွိုင့်ကမ်းခြေ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် အိမ်ထောင်စု (၃၀၃) စု အကျိုးပြုမည့် ကံဦးရပ်ကွက်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများဆောင်ရွက်
Jan 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်တွင် အိမ်ထောင်စု(၃၀၃)စု အကျိုးပြုမည့် မင်းကုန်းဘုန်တော်ကြီးကျောင်း အလယ်ပေါက် ကံဦးရပ်ကွက်လမ်းအား မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ်တွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေး
Jan 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၈ နာရီက မြို့မစျေးရှေ့နှင့် စျေးအတွင်း၌ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်ရှိ Top Dairy Farm ပုဂ္ဂလိက နွားမွေးမြူရေးခြံအား ကြည့်ရှုအားပေး
Jan 09,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာ ကျေးရွာအုပ်စု၊ ပဲရုံဆိပ်ကျေးရွာရှိ Top Dairy Farm ပုဂ္ဂလိကနွားမွေးမြူရေးခြံသို့ ရောက်ရှိလာရာ မအူပင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြပြီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နို့စားနွားမွေးမြူရေး လုပ်ငန်း၊ နွားနို့ထုတ်လုပ် ရောင်းချနေမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမိုးမိုးခိုင်နှင့် လုပ်ငန်းရှင် ဦးမြတ်သိန်းထွန်း တို့က လိုက်လံရှင်းလင်းပြသခဲ့ပြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၇၁၀ ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေး
Jan 09,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၇၁၀ ဦးအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ် နားမန်းကျေးရွာအုပ်စုရှိ ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားကွင်းဆင်းဆောင်ရွက်ပေး
Jan 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် နားမန်းကျေးရွာအုပ်စု အတွင်းရှိ ကျေးလက်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ယနေ့ နံနက်( ၉ ) နာရီက နားမန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ် အနန္တဇိနမဟာအတုလစေတီတော်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jan 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများမှ ခနောင်တိုအရှေ့ ရပ်ကွက်၊ ဓမ္မပီတိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်တော်မူသော အနန္တဇိနမဟာအတုလစေတီတော်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု(Mask Campaign)ဆောင်ရွက်
Jan 09,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု(Mask Campaign)ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၀၈:၃၀)နာရီက သရက်မြို့ မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23129
Page
23130
Page
23131
Page
23132
Current page
23133
Page
23134
Page
23135
Page
23136
Page
23137
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department